iPad ကို ယှဉ်ပြိုင်မယ့် LG ရဲ့ Tablet အသစ် G PadLG ရဲ့ G Series ထဲကို ထပ်မံထည့်ပေါင်းမယ့် နောက် Device တစ်မျိုးကတော့ iPad ကို ယှဉ်ပြိုင်မယ့် Android OS သုံးTablet တစ်မျိုးဖြစ်တဲ့ G Pad ဖြစ်လာပါတယ်.။ ရှေ့တစ်ပတ်ထဲမှာ ကျင်းပတော့မယ့် IFA 2013 မှာ မိတ်ဆက်မှာဖြစ်တယ်လို့              
သိရပါတယ်.။
G Pad ရဲ့ အမည်အပြည့်အစုံဟာ LG G Pad 8.3 ဖြစ်ပါတယ်.။ အလေးချိန်အရ iPad 2 ရဲ့ တစ်ဝက်နီးပါး 338 Grams လေးမှာဖြစ်ပြီး iPad Mini ထက်တော့ အနည်းငယ် အလေးချိန်စီးပါတယ်.။ မျက်နှာပြင်အကျယ်အဝန်းဟာလဲ iPad 2 နဲ့ iPad Mini အကြားရှိတဲ့ 8.3 လက်မအရွယ်ဖြစ်ပါတယ်.။
သေးငယ်ပြီး ပေါ့ပါးတဲ့ 4600mAh ဘက်ထရီပါဝင်မှာဖြစ်ပြီး
16GB Storage ရှိမှာဖြစ်ပါတယ်.။ အရှေ့နဲ့ အနောက် ကင်မရာ 2 လုံးပါရှိမှာလဲဖြစ်ပါတယ်.။ OS အနေနဲ့တော့ 4.2 Jellybean ကို အသုံးပြုမှာဖြစ်ပါတယ်.။
Feature တွေ အနေနဲ့ “KnockOn” လို့ ခေါ်တဲ့ Feature ဟာ Tablet မျက်နှာပြင်ကို နှစ်ချက်ခေါက်လိုက်တာနဲ့ Shut down ကျသွားစေတဲ့ Feature ဖြစ်ပြီး “Slide Aside” လို့ခေါ်တဲ့ App တွေကို တစ်ခုပြီးတစ်ခု ဖွင့်နိုင်တဲ့ Feature လဲ ပါဝင်မှာဖြစ်ပါတယ်.။ အခြား ပိုကောင်းတဲ့ Feature ကတော့ “QPair” လို့ခေါ်ပါတယ်.။ Tablet နဲ့ ဖုန်းမပြောနိုင်ပေမယ့် သင့်ဖုန်းကိုဝင်လာတဲ့ incoming call နဲ့ message တွေကို Tablet ကနေ လက်ခံပြီး Message ပြန်ပို့နိုင်တဲ့ Feature ဖြစ်ပါတယ်.။ “QSlide” ကတော့ Screen ပေါ်မှာ Window 3 ခုအထိ တစ်ပြိုင်နက်ဖွင့်နိုင်တဲ့ Feature ဖြစ်ပါတယ်.။
ရောင်းချမယ့်ဈေးနှုန်းကို အတိအကျ မကြေညာသေးပေမယ့် လာမယ့် တတိယလေးလပတ်အတွင်း ဈေးကွက်တင်မှာဖြစ်ကြောင်း သိရပါတယ်.။

Post a Comment