လူတိုင်း စောင့်ဆိုင်းနေတဲ့ iPhone 5S ကို ကြေညာပြီးသွားပါပြီ။ ထူးခြားလာမှု အနေနဲ့ ကတော့ ကမ္ဘာ့ ပထမဆုံး 64 bit စမတ်ဖုန်းလို့ ဝံ့ကြွားနိုင်လိုက်ခြင်း ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတစ်လုံးအနေနဲ့ သူ့ Processor က 64 bit အလုပ်လုပ်တယ်ဆိုရင် ကွန်ပြူတာ တစ်လုံးရဲ့ မြန်ဆန်မှုနဲ့ သိပ်တောင် မကွာတော့ ပါဘူး။ Apple ရဲ့  နောက်ဆုံး ထွက်A7 Chip ကို

အသုံးပြုထားခြင်း ဖြစ်ပါတယ်။ iPhone 5C မှာတော့ A6 ပါ။ 5S မှာ နောက်ထပ်ထူးခြားချက်က လက်ဗွေ လုံခြုံရေး စနစ် ပါဝင်ခြင်း ဖြစ်ပါတယ်။ Touch ID Finger Print Scanner ကို Home Buttom မှာ ထည့်ပေးထားခြင်း ဖြစ်ပါတယ်။

ကင်မရာ ကတော့ 8 megapixel ထဲပါ။ ဒါကိုလည်း နည်းတယ်လို့တော့ ဆိုလို့ မရပါဘူး။ သူ့မှာ Pixel အရည်အသွေးက 1.5µ ရှိပါတယ်။ ရှေ့ မှာလည်း 2.2 iSight Camera ပါရှိပါသေးတယ်။ LED flash ပါမယ်။ Auto Image Stablization ပါဝင်ပါမယ်။ Slomotion Video ရိုက်ကူးနိုင်မှုကလည်း ထူးခြားချက် တစ်ခုပါ။ အားလုံး ကြားခဲ့တဲ့ သတင်းအတိုင်း ရွှေရောင် ဗားရှင်းလည်း ထွက်ပါတယ်။ ခဲရောင်၊ ရွှေရောင်၊ မီးခိုးနုရောင် တို့ ဖြစ်ပါတယ်။ ဘက်ထရီကောင်းပါတယ်။ iOS 7 နဲ့ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ လေးလက်မ Display ပါပဲ။ ဒီဇိုင်းအားဖြင့်ကလည်း iPhone 5 နဲ့ တူနေပြန်ပါတယ်။

ဈေးနှုန်းကတော့ Unlocked version  16GB, 32 GB, 64 GB, ကို ၆၄၉ ဒေါ်လာ၊ ၇၄၉ ဒေါ်လာ၊ ၈၄၉ ဒေါ်လာ အစရှိသဖြင့် အသီးသီးကုန်ကျမှာ ဖြစ်ပါတယ်။ ရွှေရောင် version က ပစ္စည်းပျက်လောက်အောင် လူကြိုက်များမယ် လို့ ခန့်မှန်းမိပါတယ်။ မကြာမီ ဈေးကွက် ရောက်ရှိတော့မယ် iPhone 5S အကြောင်း အသေးစိတ်သိချင်တယ် ဆိုရင်တော့  Official site မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။


Post a Comment