သင်ဟာ Apple user တစ်ဦး ဟုတ်ပါသလား…? Apple ID ရော သင့်မှာ ရှိထားပြီးပါပြီလား…? သင့်ရဲ့  Apple ID တစ်ခုထဲနဲ့  တစ်ကမ္ဘာလုံးရဲ့  iTunes Store က App, Music အစရှိတာတွေ အားလုံးကို Free (သို့ ) Paid စနစ်နဲ့  ရယူနိုင်တယ် ဆိုတာကိုရော သင် သိပြီးပါပြီလား…?
Apple iTunes Store မှာ Free (သို့ ) Paid နဲ့  ရယူနိုင်တဲ့ App တွေ Music တွေဟာ

   တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြဘူးဆိုတာကို သတိပြုမိကြပါလိမ့်မယ်။
အားလုံးထဲမှာ အစုံလင်ဆုံး အားလုံးရရှိနိုင်တဲ့ Store ကတော့ US နဲ့  Canada တို့ ပဲဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံး Apple ၏ စာရင်း အရ iTunes Store ကို နိုင်ငံပေါင်း (၁၃၂) ခုအတွက် ဖွင့်လှစ်ထားပြီး နောက်ထပ် (၅) ခု ထပ်မံ ဖွင့်လှစ်ဖို့ ရာထားပါတယ်။
တစ်ခါတစ်ရံ ကျွန်တော်တို့  လိုချင်တဲ့ App အချို့ ဟာ ကျွန်တော်တို့  ဖွင့်လှစ်ထားတဲ့ Apple ID ရဲ့  Store မှာ မရတဲအခါမှာ၊ ရနိုင်တဲ့ Store ရဲ့  ID ကို ထပ်မံပြောင်းလဲ ဖွင့်လှစ်ရတာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုဆို လူတစ်ယောက်ထဲနဲ့  Apple ID အနည်းဆုံး (၂) ခုလောက် ဖြစ်နေတတ်ပါတယ်။
ဒီအခါမှာ ID, Password တွေ မှတ်ရတဲ့ ပြဿနာက မသေးလှပါဘူး၊ App တွေကို Update လုပ်တဲ့ အခါမှာ ID မတူတဲ့အတွက် Sin In/Sign Out နဲ့ Store ပြန်ချိန်းပေးရပါတယ်၊ အဓိက ကတော့ App တွေ တစ်ခုနှင့် တစ်ခု Apple ID မတူတဲ့ အတွက် iTunes နဲ့  sync လုပ်ရမှာ အခက်အခဲရှိလာပါတယ်။
ယခုတင်ပြမယ့် နည်းလမ်း (Trick) လေးကတော့ မိမိရဲ့  Apple ID တစ်ခုထဲနဲ့  အခြား Store က App တွေကို (၅) မိနစ်အတွင်း ရယူနိုင်ပြီး၊ iTunes နဲ့  Sync လုပ်ရာမှာရော update လုပ်ရာမှာပါ အဆင်ပြေချောမွေ့ စေပါတယ်..

**iPhone, iPad, iPodTouch များမှ ဆောင်ရွက်နည်း**
အဆင့် ၁)
Settings -> iTunes & App Store -> Apple ID ကို နှိပ်ပါ။
 

အဆင့် ၂)
View Apple ID” ကို နှိပ်ပါ။


အဆင့် ၃)
Country/Region” ကို နှိပ်ပါ။ 


အဆင့် ၄)
Store” မှာ နှစ်သက်ရာ နိုင်ငံကို ရွေးချယ်ပါ။ နမူနာ အနေနှင့် “United States” ကို ရွေးချယ်ပါ

 
အဆင့် ၅)
Next” ကို နှိပ်ပါ။


အဆင့် ၆)
Agree” ကို ဆက်နှိပ်ပါ။


အဆင့် ၇)
ဤအဆင့်တွင် သင်ရွေးချယ်ခဲ့သော နိုင်ငံ၏ အသိမှတ်ပြု လိပ်စာကို ထည့်သွင်းပေးရပါမည်။ (ဤနေရာတွင် အကြံပြုလိုသည်မှာ Hotel လိပ်စာ တစ်ခုခုကို Google တွင် ရှာ၍ ဖြည့်ပါ)
US Store ရွေးခဲ့သူများ အနေနှင့် အောက်ပါလင်ခ့်ကို သွားရောက်၍ လိပ်စာတစ်ခု လွယ်ကူစွာ ရယူနိုင်ပါသည်။ ရရှိလာသော လိပ်စာကို ဖြည့်သွင်းပြီး “Next” နှိပ်ပါ။


အဆင့် ၈)
US Store သို့  အောင်မြင်စွာ ပြောင်းလဲသွားပါပြီ....


Post a Comment