မိုဘိုင်းအော်ပရေတာ O2 ဟာ ၎င်းတို့ရဲ့ superfast 4G နက်ဝပ်အား လန်ဒန်၊ လိဒ်နဲ့ ဘရက်ဖို့မြို့များမှာ သြဂုတ် ၂၉ ရက်နေ့၌ စတင် ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။  ဒါဟာ ပြိုင်ဖက်ကုမ္ပဏီ EE ရဲ့ လက်ရှိ ကြေညာထားတဲ့ ဝန်ဆောင်မှုနဲ့ ယှဉ်ပြိုင်ဖို့ပါ နောက်ထပ် ဆယ်မြို့ကိုလည်း ယခုနှစ်မကုန်ခင် Superfast 4G Network ဝန်ဆောင်မှု ပေးအပ်သွားမှာ ဖြစ်ပြီး ၎င်းတို့ကတော့ ဘာမင်ဂန်၊ နယူးကာဆယ်၊ ဂလက်စကို၊ လီဗားပူး၊ နော်တင်ဟန်၊ လက်စက်စတာနဲ့ အီဒင်ဘက်ခ်တို့ ဖြစ်ပါတယ်။ ၎င်းဝန်ဆောင်မှုဟာ 3G နက်ဝပ်ထက် ငါးဆ ဝန်းကျင် ပိုမိုမြန်ဆန်ပြီး
   စတာလင်ပေါင် ၂၆ လစဉ်ကြေးနဲ့ တစ်နှစ်စာ အခမဲ့ ဂီတဝန်ဆောင်မှုတို့နဲ့အတူ O2 မှ တိုက်ရိုက် ပေးအပ်သွားမှာပါ။

EE ဟာ လွန်ခဲ့တဲ့ အောက်တိုဘာလက ဗြိတိန်ရဲ့ ပထမဆုံး 4G ဝန်ဆောင်မှုကို ထုတ်လွှင့်ပေးခဲ့ပြီး ၎င်းဝန်ဆောင်မှုဟာ လက်ရှိအချိန်မှာ မြို့ပေါင်း ၉၅ မြို့ကို ပေးအပ်ထားပါတယ်။ အင်တာနက် အသုံးပြုဖို့အတွက် စတာလင်ပေါင် ၁၅ နဲ့ ခေါ်ဆိုမှုအတွက်ပါ စတာလင်ပေါင် ၂၁ ကျသင့်တယ်။ EE ရဲ့ ဝန်ဆောင်မှုဟာ ဇူလိုင်လမှာ သုံးစွဲသူ ၇ သန်းနီးပါး ရောက်ရှိခဲ့ပါတယ်။ ၎င်းကုမ္ပဏီက ယခုနှစ် မကုန်ခင် သုံးစွဲသူ တစ်သန်းပြည့်စေဖို့ ပစ်မှတ်ထားတယ်။ ပုံမှန် သုံးစွဲသူတွေအတွက်တော့ 4G Network ရဲ့ Download မြန်နှုန်းဟာ လက်ရှိ 3G နက်ဝပ်များထက် ၅ ဆမှ ၇ ဆ အတွင်း ရှိသင့်တယ်လို့ ဆိုပါတယ်။

O2 ဟာ ၎င်းရဲ့ ဝန်ဆောင်မှုအတွက် တစ်လကို စတာလင်ပေါင် ၂၆ မှ စတင် ကောက်ခံသွားမှာပါ။ ဒါ့အပြင် ရက်သုံးဆယ်အတွင်း စိတ်တိုင်းမကျရင် သုံးစွဲသူဘက်မှ ပြန်လည် ပယ်ဖျက်နိုင်မယ့် (သို့မဟုတ်) ပြောင်းလဲနိုင်မယ့် အာမခံချက်လည်း ပါဝင်ပါတယ်။ O2 မှ တိုက်ရိုက် ဝယ်ယူတဲ့သူတိုင်းဟာ ၁၂ လစာ အခမဲ့ ဂီတဝန်ဆောင်မှုလည်း ရရှိနိုင်တယ်။ ၎င်းရဲ့ 4G ဈေးနှုန်းနဲ့ ဝန်ဆောင်မှု စတင်မယ့် ရက်အသီးသီးကို လာမယ့်လတွေမှာ ဆက်ပြီး ကြေညာသွားမှာပါ။ ဇူလိုင်လက EE ဟာ လန်ဒန်၊ လစ်ဗားပူး၊ မန်ချက်စတာမြို့တို့ အပါအဝင် မြို့ပေါင်း ၁၂ မြို့မှာ 4G မြန်နှုန်းကို ၂ ဆ တိုးမြင့်ပေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိ 4G ဝန်ဆောင်မှုထက် ၂ ဆ ပိုမြန်ပြီး 3G ဝန်ဆောင်မှုထက် ၁၀ ဆ ပိုမြန်တဲ့အတွက် သုံးစွဲသူတွေဟာ HD Video တွေကိုတောင် အနှောင့်အယှက်မရှိ ကြည့်နိုင်မှာဖြစ်ပြီး ဖိုင်ဆိုဒ်ကြီးတွေကိုလည်း ပို့နိုင်မှာပါ။ 

Post a Comment