ဓာတ်ပုံ (ရိုက်တာ)စင်ကာပူနိုင်ငံကို ထူထောင်သူ ပထမဆုံး ၀န်ကြီးချုပ် လီကွမ်ယုဟာ မတ် ၂၃ ရက် မနက် ဒေသစံတော်ချိန် ၃ နာရီ ၁၈ မိနစ်မှာ ကွယ်လွန်သွားတယ်လို့ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန် ကြေညာပါတယ်။
မတ် ၂၃ ရက် မနက်စောစောမှာတော့ ငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီ ဖြစ်တဲ့အကြောင်း သား ဖြစ်သူ လက်ရှိ ၀န်ကြီးချုပ်လီရှန်လွန်းရဲ့ ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကွယ်လွန်ချိန်မှာ ၉၁ နှစ် ရှိပြီး လီကွမ်ယုဟာ ဖေဖော်ဝါရီ ၅ ရက်ကတည်းက ပြင်းထန်တဲ့ နမိုးနီးယားကြောင့် ဆေးရုံတင်ထားရတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အနည်းငယ် သက်သာလာခဲ့ပေမယ့် မတ် ၁၇ ရက်က စလို့ တဖြည်းဖြည်း အခြေအနေ ဆိုးလာတာ ဖြစ်ပါတယ်။
File photo of Singapore's Minister Mentor Lee meeting with U.S. President Obama in Washington
လီကွမ်ယုဟာ စင်ကာပူကို ၁၉၅၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး စင်ကာပူနိုင်ငံကို ဆင်းရဲတဲ့ တံငါရွာ ဘ၀ကနေ ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်အောင် ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

Post a Comment