Samsung ရဲ့ mobile နဲ့ ပတ်သက်တဲ့ သတင်းတွေကို ထုတ်ပြန်လျက်ရှိတဲ့ SamMobile မှ အနီရောင်နှင့် နှင်းဆီရောင် ရှိသော Samsung Galaxy Note 3 လာမယ့်  January 2014 မှာ နိုင်ငံတကာ ဈေးကွက်ကို ဖြန့်မယ်လို့ ပြောထားခဲ့ပါတယ်။ ဒါပေမယ့် Argentina နိုင်ငံမှာ ရှိတဲ့ Samsung ကတော့ စတင် ရောင်းချနေ ပြီဖြစ်ပါတယ်။ ပြောင်းလဲမှုတွေကတော့ နှင်းဆီရောင် Note 3 မှာဆိုရင် ဘေးအနားသား, Button နဲ့ Camera တွေကို ရွှေရောင်ကွပ်ထားတာဖြစ်ပြီး အနောက် Cover ကတော့ အဖြူရောင်အတိုင်း ရှိနေပါသေးတယ်။ အနီရောင် Note 3 ကတော့ အရှေ့အနောက် Cover အားလုံးအနီဖြစ်ပြီး ကျန်နေရာတွေကတော့ အဖြူရောင်ဖြစ်ပါတယ်။ နောက်ထပ်အရောင်ပိုင်းဆိုင်ရာ မသိမသာ ပြောင်းလဲမှုတစ်ခုကတော့
နဂို ထုတ်လုပ်ပြီးသား အဖြူနဲ့ အနက်တို့ကို လည်း ဘေးနှစ်ဘက် ရွှေရောက်ကွပ်ထားတဲ့ ပုံစံမျိုးနဲ့ ရရှိနိုင်တာပဲဖြစ်ပါတယ်။  အတွင်းပိုင်း Specification နဲ့ ဈေးနှုန်းတွေကတော့ ပြောင်းလဲမှု မရှိပါဘူး။
credit :hardwarezone 

Note_3_Colors_2 
Note_3_Colors 

Post a Comment