Samsung ဟန်းဆက်အချို့၏ အခက်အခဲနှင့် ပြဿနာများအား ဖြေရှင်းနိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းများ ရှိလာပြီဖြစ်ကြောင်း သိရသည်။  အဆိုပါ အခက်အခဲများထဲတွင် ပါဝါပျောက်သွားသော Samsung ဟန်းဆက်များကိုလည်း ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်ပါသည်။ Samsung ဟန်းဆက်အချို့တွင် အလိုအလျောက် ပါဝါပျောက်သွားခြင်းနှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် ပါဝါပျောက်သွားခြင်း၊ ဖုန်း Boot death ဖြစ်ခြင်း၊ Product ID ပျောက်သွားခြင်း အစရှိသော ပြဿနာများအတွက် ဖုန်း၏ Board တစ်ချပ်လုံးအား
  လဲလှယ်အသုံးပြုရန် မလိုအပ်ဘဲ ဖုန်းအတွင်းရှိ လိုအပ်သော အစိတ်အပိုင်းအချို့ကိုသာ လဲလှယ်ပေးယုံဖြင့် ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်ပါသည်။
အထူးသဖြင့် Galaxy S3, Galaxy Note 2 နဲ့ Galaxy S4 ဖုန်းတွေမှာ ဖြစ်တဲ့ ပါဝါပျောက်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပါပြီ။ အဓိကအားဖြင့် ဒီဖုန်းတွေမှာ ဖြစ်တတ်တဲ့ Product ID ပျောက်သွားတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ ဒီဖုန်းတွေ အသုံးပြုတဲ့သူ အချို့က ဖုန်းပျက်သွားရင် ဆိုင်ကို ရောက်ရောက်လာကြတယ်။ ဖုန်းက ဘာမှ မလုပ်ဘဲ အားသွင်းထားရင်းနဲ့ ဖုန်းပါဝါ ပျောက်သွားတာတို့၊ ညဘက် အိပ်တဲ့အချိန်မှာ ဘာဖြစ်သွားမှန်း မသိဘဲ သူ့အလိုလို ပါဝါပျောက်သွားတာတို့ဆိုပြီး တော့ပေါ့။ ဒီလိုမျိုးဖုန်းကို အသုံးပြုသူက ဘာမှမလုပ်ဘဲ သူ့ အလိုလို ပါဝါပျောက်သွားကိုတော့ ကျွန်တော်တို့ လောကထဲမှာ Sudden Death ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီလို ဖြစ်ရတာကတော့ ဖုန်းထဲမှာရှိနေတဲ့ EMMC Chip ထဲက bug ဖိုင်တစ်ဖိုင်က လုပ်ဆောင်မှုရပ်တန့်သွားလို့ မဖြစ်ရတဲ့ ပြဿနာဖြစ်ပါတယ်။ အချို့မှာတော့ Samsung Logo နေရာမှာ ရပ်တန့်နေပြီး ပါဝါ ဆက်မတက်တော့တာမျိုးလည်း ဖြစ်တတ်ကြတာ တွေ့ရပါလိမ့်မယ်။ ဒီလိုမျိုး အကြောင်းကြောင်းကြောင့် အလိုအလျောက် ပါဝါပျောက်လာတဲ့ ဖုန်းတွေမှာ အဓိကအနေနဲ့ Product ID မရှိတော့တာကို တွေ့ရပါတယ်။ Product ID မရှိတော့ရင်တော့ ဖုန်းကို ပါဝါပြန်လာအောင် လုပ်လို့ရပေးမယ့် ဖုန်းစနစ်တွေထဲထိ မရောက်နိုင်သေးပါဘူ။ ဖုန်းကို Firmware ပြန်တင်ပေးရပါလိမ့်မယ်။
Product ID ပျောက်သွားသော ဖုန်းများအား ပါဝါပြန်လည်ရရှိစေရန်အတွက် အရင်ပြုလုပ်ရပြီး အချို့ဖုန်းများမှာ ပါဝါ ပြန်လည်ရရှိသော်လည်း Product ID မရှိတော့သောကြောင့် ဖုန်းအား OS အသစ် ပြန်လည်တင်နိုင်ရန်အတွက် Download Mode မရနိုင်ကြောင်း သိရသည်။ Product ID ပျောက်ကာ Download Mode မရတော့သော အဆိုပါဖုန်းများအား ပြန်လည်ပြုပြင်မည်ဆိုပါက EMMC Chip တစ်ခုလုံးအား အသစ်လဲလှယ် တပ်ဆင်ရမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ယင်းဖုန်းများအား EMMC Chip အသစ် ပြန်လည် လဲလှယ်တပ်ဆင်ခြင်းအား ပြုလုပ်နိုင်ပြီဟု သိရသည်။ဆိုတော့ ဒီလိုအပ်ချက်တစ်ခုတည်းကိုသာ သီးသန့်လဲလှယ်နိုင်ခြင်းကြောင့် ပါဝါပျောက်သွားသော Galaxy S3, Galaxy Note 2 နှင့် Galaxy S4 ဖုန်းများတွင် ဖုန်းအတွင်းရှိ ဆားကစ် Board တစ်ခုလုံးအား လဲလှယ်ရသော ကုန်ကျစရိတ်ထက် တော့ အများကြီးသက်သာသွားနိုင်ပါလိမ့်မယ်

Post a Comment